၂၀၁၄ ခုနှစ်အတွင်း မြန်မာပြည်ရဲ့ နိုင်ငံခြား ကုန်သွယ်မှု တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ဘီလီယံ (၂၀) ကျော်ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၁၀% လောက် တိုးလာတယ်လို့ စီးပွားကူးသန်း ဝန်ကြီးဌာနရဲ့ တာဝန်ရှိသူက ဇန်နဝါရီ ၂၃ ရက်နေ့မှာ ဆင်ဟွာ သတင်းဌာနကို...
ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီမှ ရောင်းချသော သီလဝါအစုရှယ်ယာ တစ်စုလျှင် ကျပ်နှစ်သောင်းဝန်းကျင်ထိ ဈေးမြင့်သွားကြောင်း သီလဝါ အစုရှယ်ယာများ လွှဲပြောင်းခြင်းနှင့် ရောင်း ဝယ်ခြင်း ကောင်တာမှ စုံစမ်း သိရှိရသည်။
ကမ္ဘာ့ကုလသမ္မဂ ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ကမ္ဘာ့ကုလသမ္မဂအဖွဲ့(UN) ၏၂၀၁၅ ခုနှစ်ကြေငြာချက်တွင် အများနှင့်ဆိုင်သည့် လုံခြုံရေးကိစ္စ ရပ်များ ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်ရေးဆိုင်ရာ ကိစ္စရပ်များကို အာရုံစိုက် လုပ်ဆောင်မည်ဖြစ်ကြောင်း UN ၏ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက ဇန်နဝါရီ ၂၀ ရက်နေ့တွင် ပြောကြားသည်။
ဟိုချီမင်း၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ၂၀၁၄ ခုနှစ် အတွင်း ဗီယက်နမ်မှ ဆန်တန်ချိန် ၂ သန်း တရုတ်သို့ တင်ပို့ခဲ့သည်။ တင်ပို့ရန် သဘောတူထားသည့် စာချုပ်အရ တန်ချိန် ၆ သိန်းခွဲ သာဖြစ်သည်ဟု ဒေသတွင်း သတင်းစာ တွင် ဖော်ပြထားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ရန် စိတ်ဝင်တစား စောင့်ကြည့်နေသော မြန်မာနိုင်ငံအနေဖြင့် အခြေခံ လိုအပ်ချက်များကို ပြုပြင်နိုင်လျှင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမူများ ပိုမို ဝင်ရောက်နိုင်ကြောင်း VDB Loi’s မှ Mr Edwin Vanderbruggen ကပြောကြားသည်။