ပေကျင်း၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ရှီကျားကျွမ်းမြို့နှင့် ခရိုင်မြို့နယ်ဒေသအသီးသီးကို ဇန်နဝါရီ ၂၃ ရက်မှစ၍ အဆင့်ခွဲ၍ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်ကျော်သွားလာလှုပ်ရှားမှုများကို တင်းကျပ်စွာ ထိန်းချုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှီကျားကျွမ်းမြို့ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားမှုဌာနက ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အစ္စလာမ်မာဘတ်၊ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အပြည်ပြည်ဆိုင်ရာပညာရေးနေ့ အထိမ်းအမှတ် ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့ရှိ “ ပန်းခြံစာသင်ကျောင်း” တစ်ခုတွင် မူလတန်းကျောင်းသား ကလေးငယ်များသည် နှာခေါင်းစည်းတပ်ဆင်၍ တက်ရောက်သင်ကြားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစ်မန်လီယာ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အီဂျစ်နိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများ အား Sinopharm COVID-19 ကာကွယ်ဆေး ထိုးနှံမှုကို ဇန်နဝါရီ ၂၅ ရက်တွင် စတင်မည်ဖြစ်ကြောင်း အီဂျစ်ကျန်းမာရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး Hala Zayedက ဇန်နဝါရီ ၂၄ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ နောက်ဆုံးရရှိသော သတင်းအချက်အလက်များကို စုစည်းဖော်ပြလိုက်သည်။