ရန်ကုန် ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံ၌ COVID-19ရောဂါဖြစ်ပွားသူ ၇ရက်ဆက်တိုက် ၂ ရာခိုင်နှုန်းကျော်သာ ရှိကြောင်း ယနေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ပြည်တွင်းခရီးသွားလုပ်ငန်းများအား၂၀၂၁ ခုနှစ် ဧပြီတွင် ပြန်လည်စတင်လုပ်ကိုင်ရန် ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောကြားသည်။
ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး COVID-19 ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်း တစ်စုတစ်စည်းတည်း စီမံမှုများအရ ပေကျင်းမြို့ရှိ အဓိက လူအုပ်စုများ၏ ဒုတိယမြောက် ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုကို ဇန်နဝါရီ ၂၂ ရက်တွင် စတင်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်မတိုင်မီ အလုံးစုံပြီးမြောက်ရန် စီစဉ်ထားကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ ပျူမြို့ဟောင်းအတွင်းရှိ သရေခေတ္တရာနန်းတော်ရာ အား မြေလွှာစမ်းသပ်မှုများပြုလုပ်စဉ်ကျင်းအမှတ် ၂ တွင် သဘာဝမြေလွှာမတွေ့ရှိရဘဲ အုတ်လွှာအထပ်၄လွှာခန့်တွင် အုတ်တန်းများ ထပ်မံတွေ့ရှိရသောကြောင့် ယင်းတွေ့ရှိရသည့်အုတ်တန်းများသည် သရေခေတ္တရာထက် စောသည့်ခေတ်တစ်ခု ရှိခဲ့ခြင်းရှိမရှိ သိနိုင်ရန် ဆက်လက်၍ သုတေသနပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေး...
ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ ပေကျင်းမြို့ တာ့ရှင်းခရိုင်အတွင်းရှိ ဒေသခံများအားလုံးကို မြို့တော်မှ ထွက်ခွာခြင်းမပြုရန် ဇန်နဝါရီ ၂၀ ရက်က တားမြစ်လိုက်သော ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ကြောင်း သိရသည်။