ချန်ရှီး၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ချိန်တူး-ကွေ့ယန် မြန်နှုန်းမြင့် ရထားလမ်း၏ ရှီးချီမြစ်ကူးတံတားကြီးသည် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ပိကျယ်မြို့ ဝူမုန်ဆန်းတောင်ရှိ ရှီးချီ ချောက်ကမ်းပါးကို အလျားလိုက်ချိတ်ဆက်ထားခြင်း ဖြစ်သည်။
ဘဂ္ဂဒက်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အီရတ်နိုင်ငံက COVID-19 ကပ်ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံ၏ Sinopharm နှင့် ဗြိတိန်နိုင်ငံ၏ AstraZeneca ကာကွယ်ဆေးများကို အရေးပေါ်အသုံးပြုရန် ဇန်နဝါရီ ၁၉ ရက်က ခွင့်ပြုလိုက်ကြောင်း သိရသည်။
ချီကီမူလာ၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဂွါတီမာလာနိုင်ငံ ချီကီမူလာ(Chiquimula)ပြည်နယ် ဟွန်ဒူးရပ်စ်နှင့်ကပ်လျက် နယ်စပ်မြို့ Vado Hondo တွင် ဗဟိုအမေရိက ရွှေ့ပြောင်းနေထိုင်သူများကို ဂွါတီမာလာ လုံခြုံရေးတပ်ဖွဲ့က ဇန်နဝါရီ ၁၈ ရက်က တားဆီး၍ လူစုခွဲခဲ့ကြောင်း သိရသည်။
ဘီဂရိတ် ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုးဆားဘီးယားနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Zlatibor Loncar က ဇန်နဝါရီ ၁၉ ရက်၌ တရုတ်နိုင်ငံ Sinopharm ကုမ္ပဏီ မှ တီထွင်ထုတ်လုပ်သည့် COVID-19 ရောဂါကာကွယ်ဆေးအား ထိုးနှံမှုခံယူခဲ့ပြီး ဆားဘီးယားနိုင်ငံတွင် တရုတ်နိုင်ငံမှ ကာကွယ်ဆေးအား ပထမဦးဆုံး...