ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်(၂၃၇၉)စီး ဖမ်းဆီးအရေးယူခဲ့ ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဝါရှင်တန်၊ မတ် ၆ ရက် (ဆင်ဟွာ) တူရကီနိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှ လေကြောင်းရန်ကာကွယ်ရေးစနစ်များ ဝယ်ယူပါက အမေရိကန်က ၎င်းတို့၏ F-35 ဂျက်တိုက်လေယာဉ်များ ရောင်းချမည်မဟုတ်ကြောင်း မတ် ၅ ရက်က ဥရောပဆိုင်ရာ အမေရိကန် ထိပ်တန်း တပ်မှူးက ပြောကြားသည်။
အဘူဂျာ မတ် ၆ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ ၏ အနောက်မြောက်ဘက် Zamfara ပြည်နယ် တွင် သေနတ်သမားများ ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃၀ ဦး သေဆုံးခဲ့ကြောင်း ဒေသခံရဲက မတ်လ ၅ ရက်နေ့ တွင်ပြောအတည်ပြုခဲ့သည်။
ဆစ်ဒနီ၊ မတ် ၆ ရက် (ဆင်ဟွာ) ဘူတန်နိုင်ငံမှ ရင်ချင်းဆက်အမွှာဖြစ်သော နီမာ (Nima) နှင့် ဒါဝါ (Dawa) တို့သည် သြစတြေးလျနိုင်ငံတွင် ခွဲစိတ်မှုခံယူပြီးနောက် လေးလနီးပါးအကြာတွင် မဲလ်ဘုန်းလေဆိပ်မှ မတ်လ ၆ ရက်တွင် ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မံစီမြို့နယ်၌ ဗုံးသီးဟောင်းပေါက်ကွဲ၍ လူငယ် ၆ ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။