ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာ မြို့နယ် ၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းတွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ၁ ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ ဝန်ကြီးချုပ် သွန်လွန်စစ်ယူလစ် (Thongloun Sisoulith) ဦးဆောင်သည့်အစိုးရအဖွဲ့သည် ဘရူနိုင်းနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးစဉ်အဖြစ်ဖေဖော်ဝါရီ လ ၁၆ ရက် နှင့် ၁၇ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း Vientiane Times သတင်းတွင် ပါရှိသည်။
အဘူဂျာ ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယား နိုင်ငံ တောင်ပိုင်း Rivers ပြည်နယ်၌ ဖေဖော်ဝါရီ ၁၂ ရက်တွင် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံး ပွဲ အတွင်း လူအုပ်စုလိုက် အလန့်တကြား ပြေးလွှားမှု တစ်ခုကြောင့် သေဆုံးသူ အရေအတွက်မှာ ၁၅ ဦး...
ရီယာ့ဒ်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံသည် မြို့တော် ရီယာ့ဒ်မြို့အတွက် အမေရိကန်ဒေါ်လာ ၈၈.၈ဘီလီယံတန်ဖိုးရှိ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို ဖေဖော်ဝါရီ ၁၃ ရက်က ဆောင်ရွက်နေပြီဖြစ်ကြောင်း Al Arabiya TV ကဖော်ပြခဲ့သည်။
ဒမတ်စကပ်စ်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း တွင် ၄ရက်တာဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အမေရိကန်က ကျောထောက်နောက်ခံပေးထားသော ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) နှင့် IS စစ်သွေးကြွ အနည်းဆုံး ၅၀ဦးသေဆုံးခဲ့ကြောင်း စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့တစ်ခု က ဖေဖော်ဝါရီ ၁၃ရက်ကပြောကြားခဲ့သည်။