ဟဲနန်၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်တွင်တည်ရှိသည့် အကြီးဆုံး စိန်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Sino Crystal ကို ဆင်ဟွာ သတင်းဋ္ဌာနမှ သွားရောက်ရိုက်ကူးခဲ့သည်။ သဘာဝ စိန်များမှာ တန်ဖိုးကြီးမားပြီး ရှားပါးလှသောကြောင့် ယနေ့ခေတ် တရုတ်နိုင်ငံတွင် ဓါတ်ခွဲခန်း၌ ပြုလုပ်သည့် စိန်ထုတ်လုပ်ခြင်းကို အများစု အားထားလာကြသည်။ စိန်ထုတ်လုပ်သည့်ဓါတ်ခွဲခန်းမှ...
ဘက်ဂဒက်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) အီတလီ၊အီးယူတို့နှင့် ထိရောက်သော ဆက်ဆံရေးများ ထူထောင်ရန် စိတ်အားထက်သန်ကြောင်း အီရတ် သမ္မတ Barham Salihက ဖေဖော်ဝါရီ ၆ရက်က ပြောကြားခဲ့သည်။
အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ၈ ထပ်အဆောက်အအုံတစ်လုံး ပြိုကျမှုကြောင့် သေဆုံးသူအရေအတွက် ၃ ဦးအထိရှိလာပြီး အခြားသူ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း အစ္စတန်ဘူလ်မြို့ အုပ်ချုပ်ရေးမှူးရုံးက ဖေဖော်ဝါရီလ ၇ ရက်တွင် ကြေညာလိုက်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တွင် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်စည်းကမ်းနှင့်အညီ ဆောင်ရွက်နိုင်ခြင်းမရှိသော ဘော်ဒါဆောင်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ချုံချင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် မော်တော်ယာဉ် ထုတ်လုပ်သောလုပ်ငန်းတစ်ခုမှ 5G မိုဘိုင်းကွန်ရက် အကူအညီဖြင့် အလိုအလျောက်မောင်းနှင်သော ဘတ်စ်ကားတစ်စီးအား ချုံချင်းမြို့၌ စမ်းသပ်ခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။