နယူးဒေလီ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း Chhattisharh ပြည်နယ်ရှိ တံတားတစ်စင်းပေါ်မှ ကျောင်းကားဗင်ကားတစ်စီး ပြုတ်ကျခဲ့ရာ ကလေးငယ် ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင်လ ၂၁ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) စစ်တွေလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ထွက်ခွာလာသော လေယာဉ်တစ်စီးသည် ဇူလိုင် ၂၀ရက်နေ့ မွန်းလွဲ ၃နာရီ ၂၅မိနစ်က ရှေ့လေကာမှန်အက်၍ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့ ၌ တနင်္သာရီမြစ်ရေလျှံမှုကြောင့် ဇူလိုင် ၁၅ ရက်မှ ၂၀ ရက်အထိ လူဦးရေ ၂၈၀၀ကျော် ယာယီ ပြောင်းရွှေ့နေထိုင်နေရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဘူဒါဘီ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့သည် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေးအဖြစ် ဆက်ဆံရေးအဖြစ် နှစ်နိုင်ငံ ဆက်ဆံရေးကို အဆင့်မြှင့်တင်ရန် ဇူလိုင်လ ၂၀ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ ရုပ်ရှင်ဖွံ့ဖြိုးရေးစင်တာ (Film Development Centre)ကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။