ပါရီ ၊ မတ် ၂၄ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံတောင်ပိုင်း Trebesမြို့ရှိ စူပါမားကက်တစ်ခုတွင် အကြမ်းဖက်သမားတစ်ဦးက ဓားစာခံများကို ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ၎င်း ပစ်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့က အသေပစ်သတ်ဖမ်းဆီးခဲ့ရကြောင်း ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန Gerard Collomb က အတည်ပြုပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့တော် စည်ပင်သာရေးကော်မတီ၏ ဝင်ငွေပေါ်မူတည်၍ အများသုံးသန့်စင်ခန်းများကို အခမဲ့အသုံးပြုနိုင်ရန်နှင့် လုံခြုံရေးအတွက်ပါ ထည့်သွင်းစဉ်းစားထားကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည့် ၂၀၁၇ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအား ယနေ့မတ်လ ၂၃ ရက်နေ့တွင် Myanmar Event Park ၌ ကျင်းပခဲ့ပြီး မြန်မာ့ရုပ်ရှင် တစ်သက်တာထူးချွန်ဆု အား ပထမဆုံးချီးမြှင့်ခဲ့ကာ...
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်း နှင့်ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက်အမှတ်၊ ၁/၂၀၁၈ အားထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၆,၃၀၂ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။