နေပြည်တော်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) နိုင်ငံတော်နှင့် လျော်ကန်သင့်မြတ် သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရေး ကိုလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း အနှစ် (၇၀) ပြည့် လွတ်လပ်ရေး နေ့အခမ်းအနားသို့ နိုင်ငံတော် သမ္မတက ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ် အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ဆန်ဖရန်စစ္စကို၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး ဗီဒီယို မျှဝေရေးကွန်ရက်ဖြစ်သော YouTube သည် သီတင်းပတ်အတွင်း နာမည်ကျော် သရုပ်ဆောင်များအနက် တစ်ဦးဖြစ်သူက အငြင်းပွားဖွယ်ရာ ဂရပ်ဖစ် ဗီဒီယိုတစ်ခု တင်ခဲ့ခြင်းအပေါ် တုံ့ပြန်ပြောကြားလိုက်ကြောင်း သိရသည်။
အယ်ဂျီးယား ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယား နိုင်ငံ ငလျင် တိုင်းတာရေး စင်တာ ၏ ထုတ်ပြန်ချက် အရ ဇန်နဝါရီ ၂ ရက်နေ့ ညပိုင်းအချိန်တွင် အင်အား ရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ် ခဲ့ကြောင်း...