ဘော်စတွန် ၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ ဘော်စတွန်မြို့၌ သြဂုတ် ၁၄ ရက်တွင် တရုတ်ကုမ္ပဏီ တစ်ခုက တည်ဆောက်ထားသော မြေအောက် ရထားတွဲ သစ်များဖြင့် ဘော်စတွန်မြို့၌ နေထိုင်သူများ အတွက် စတင် ပြေးဆွဲခဲ့ကြောင်း သိရသည်။ရထားတွဲ ၁၅၂ တွဲမှ ပထမ...
ပေကျင်း၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ဂျပန်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ ကိုးကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ကို သြဂုတ်လ ၂၁ ရက်တွင် ပေကျင်းမြို့၌ကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သြဂုတ်၁၆ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် သေဆုံးသူ ၆၉ ဦးရှိပြီး ရှာဖွေကယ်ဆယ်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဘန်ကောက်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ခရီးသွားလုပ်ငန်းနှင့် စီးပွားရေး မြှင့်တင်ရန် အစီအစဉ်အရ လမ်းဘေးအစားအစာ အရည်အသွေး မြှင့်တင်ရန် သြဂုတ်လ ၁၆ ရက်က သန္နိဋ္ဌာန်ချလိုက်ကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) တရုတ်ကာတွန်းရုပ်ရှင် “Ne Zha”သည် စတင်ပြသသည့်အချိန်မှ ၂၁ ရက်အတွင်း ရုံဝင်စာရင်းအရ ဝင်ငွေစုစုပေါင်း ယွမ်၃.၈၂ ဘီလီယံ(အမေရိကန်ဒေါ်လာ ၅၄၂သန်း)ရရှိကာ ထိပ်တန်း၌ဆက်လက်ရပ်တည်ခဲ့ကြောင်း တရုတ်ရုပ်ရှင်သတင်းအချက်အလက်ကွန်ယက်က သြဂုတ်၁၅ရက်တွင်ပြောသည်။