ရန်ကုန် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ) အသည်းရောင်အသားဝါ ရောဂါများ ဖြစ်ပွားမှုများ လျော့နည်း ကျဆင်းစေရေး အတွက် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် အလေးပေး ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားခဲ့သည်။
အော့တဝါ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ် မာ့ခ်ဟမ်မြို့ရှိ နေအိမ်တစ်လုံးတွင် လူလေးဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီးနောက် အသက် ၂၀ နှစ်အရွယ် အမျိုးသားတစ်ဦးအား ဇူလိုင်လ ၂၈ ရက် မွန်းလွဲပိုင်းက ထိန်းသိမ်းခဲ့ကြောင်း ကနေဒါရဲတပ်ဖွဲ့က ဇူလိုင်လ ၂၈ ရက်က ပြောခဲ့သည်။
ကဘူးလ် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ) အာဖဂန် နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ်၌ ဇူလိုင် ၂၈ ရက်တွင် ပေါက်ကွဲမှု ဖြစ်ပွားရာ တစ်ဦး သေဆုံးခဲ့ပြီး အခြား ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီး Wahidullah Mayar...
နယူးယောက် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့ဘရွတ်ကလင်းရပ်ကွက်(Brooklyn)၌ ဇူလိုင် ၂၇ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁ ဦးသေဆုံးပြီး အခြား ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း နယူးယောက်မြို့တော်ရဲတပ်ဖွဲ့ဌာန(NYPD) ၏ ပြောကြားချက်အရ သိရသည်။
ပဲရစ်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် ဇူလိုင်လ ၂၈ ရက်ညနေပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြထားသည်။