ဝါရှင်တန်၊ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်သည် ဒီမိုကရက်တစ်လွှတ်တော်အမတ်များက ၎င်းအား ရာထူးမှဖယ်ရှားရန် စတင်လှုပ်ရှားချိန်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၁၂ ရက်တွင် အများပြည်သူရှေ့မှောက်ထွက်၍ ထိုသို့စွပ်စွဲပြစ်တင်ပြီး ရာထူးမှ ဖယ်ရှားရန် လုပ်ဆောင်မှုကို“ ကြောင်းကျိုးမရှိသောမိုက်မဲမှု” ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။
ဂျကာတာ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အင်ဒိုနီးရှားနိုင်ငံ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး (SAR) အဖွဲ့က ရှာဖွေရေး တတိယမြောက်နေ့တွင် Sriwijaya Air လေကြောင်းလိုင်းမှ လေယာဉ်အပျက်အစီးများနှင့် သေဆုံးသူများကို ရှာဖွေရန် ရေတပ်သင်္ဘောများစွာဖြင့် ရှာဖွေရေးဧရိယာတိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း အင်ဒိုနီးရှား အမျိုးသား ရှာဖွေရေးနှင့်...
လန်ဒန် ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး လတ်တလောရက်ပိုင်းအတွင်း ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဖောင်ဒေးရှင်းစာရင်းဝင် (Hedge fund) ဖြစ်သည့် Bridgewater Associates တည်ထောင်သူ Ray Dalio က တရုတ်နိုင်ငံ သည် ကမ္ဘာ့ငွေကြေးစင်တာ ဖြစ်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇန်နဝါရီ ၁၂ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဆက်လက်ပေးအပ်မည့် ယွမ်ငွေ ၃ သန်းတန်ဖိုးရှိ ပစ္စည်းများအနက် ပထမအသုတ် ဖြစ်သည့် ယွမ်ငွေ ၂၅၀,၀၀၀ တန်ဖိုးရှိ ဆေးပစ္စည်းများအား ယနေ့ ဇန်နဝါရီ...