ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေပေးဝေလျက်ရှိသော ရေပိုက်များပြုပြင်မည်ဖြစ်သဖြင့် မြို့နယ် ၂၁ မြို့နယ်တွင် ဇူလိုင် ၃၀ ရက်၌ ရေပေးဝေမှု ယာယီဖြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
မနီလာ ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင် နိုင်ငံ မြောက်ဘက်ဆုံး ရှိ Batanes ပြည်နယ် တွင် ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်း အချိန်တွင် ပြင်းအား ၅ အထက် ရှိ အင်အားပြင်း ငလျင် နှစ်ကြိမ် လှုပ်ခတ်...
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) စက်မှုဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား ယင်း၏ သဘောဆန္ဒအရ ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘရပ်ဇီးလီးယား၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် အလုပ်အကိုင်ရရှိမှုနှုန်းသည် ဇွန်လအတွင်း ၃၀ဒသမ၂ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ရာ ၂၀၁၃ ခုနှစ်မှစ၍ အကောင်းဆုံး ရလဒ်ဖြစ်ကြောင်း စီးပွားရေးဝန်ကြီး ဌာနက ဇူလိုင် ၂၅ ရက်တွင် ပြောကြားသည်။
ကျိုချွမ်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) တရုတ် ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ထုတ်လုပ်သော ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံသည် ဂြိုဟ်တုနှစ်ခုအား တင်ဆောင်ကာ ဂြိုဟ်ပတ်လမ်းအတွင်းသို့ နိုင်ငံအရှေ့မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇူလိုင်လ ၂၅ ရက် မွန်းလွဲ ၁း၀၀ နာရီတွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။ ပေကျင်းမြို့အခြေစိုက် ပုဂ္ဂလိကဒုံးပျံထုတ်လုပ်သူ i-Space...