ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်နှင့် အကျဉ်စခန်း ၁၁ခုမှ အကျဉ်းသား ၁၂၀၀ကျော် ယနေ့ ဧပြီ ၁၇ ရက်၌ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်မည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။
ဝါရှင်တန်၊ ဧပြီလ ၁၇ ရက်(ဆင်ဟွာ) ယီမင်၌ ဆော်ဒီဦးဆောင်သောညွန့်ပေါင်းတပ်ဖွဲ့များ၏ စစ်ပွဲအား အမေရိကန်က ထောက်ပံ့နေမှုကို အဆုံးသတ်ရန်တောင်းဆိုသော အမေရိကန်ကွန်ဂရက်၏ ဆုံးဖြတ်ချက်အား အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီလ ၁၆ ရက်တွင်ဗီတိုအာဏာသုံး၍ပယ်ချခဲ့ကြောင်းသိရသည်။
ကင်ရှာဆာ၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ) ကွန်ဂို(ကင်ရှာဆာ)နိုင်ငံ အရှေ့ပိုင်းရှိ Kivuရေကန်တွင် ဧပြီ ၁၅ ရက် ညပိုင်းက သင်္ဘောနစ်မြုပ်မှု ဖြစ်ပွားခဲ့ရာ လက်ရှိတွင် သေဆုံးသူ ၂၀ရှိပြီဖြစ်ပြီး လူပေါင်း ဒါဇင်နှင့်ချီပျောက်ဆုံးနေကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၈၄ ခုထိ ဝင်ရောက်ရင်းနှီးမြှုပ်နှံနေကြောင်း နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ယနေ့ပြောကြားသော နှစ်သစ်ကူးမိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသည်။
ဆန်တီယာဂို၊ ဧပြီလ ၁၇ ရက်(ဆင်ဟွာ) ချီလီနိုင်ငံတောင်ပိုင်းတွင်လေယာဉ်အငယ်စားတစ်စီးအိမ်တစ်လုံးအပေါ်သို့ဧပြီလ ၁၆ ရက်ကပျက်ကျ ခဲ့ရာ အနည်းဆုံးလူခြောက်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။