ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဗဟိုဘဏ်နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အစိုးရ ငွေတိုက် စာချုပ်များကို လျှော့ဈေး(Discount Rate) ဖြင့် ဇန်နဝါရီ ၂၈ ရက်မှ စတင်ပြီး နှစ်ပတ် တစ်ကြိမ် ရောင်းချ ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်ထံမှ စုံစမ်းသိရှိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဇန်နဝါရီလတွင် တရုတ်၏ ကုန်ထုတ်လုပ်မှု အရှိန်အဟုန်ဖြင့် ပြန်လည် ကောင်းမွန်လာသော်လည်း ယခင်အဆင့်ကို မရောက်ရှိသေးကြောင်း HSBC ဘဏ်၏ ညွှန်းကိန်း များအရ သိရသည်။
၂၀၁၄ ခုနှစ်အတွင်း မြန်မာပြည်ရဲ့ နိုင်ငံခြား ကုန်သွယ်မှု တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ဘီလီယံ (၂၀) ကျော်ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၁၀% လောက် တိုးလာတယ်လို့ စီးပွားကူးသန်း ဝန်ကြီးဌာနရဲ့ တာဝန်ရှိသူက ဇန်နဝါရီ ၂၃ ရက်နေ့မှာ ဆင်ဟွာ သတင်းဌာနကို...
ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီမှ ရောင်းချသော သီလဝါအစုရှယ်ယာ တစ်စုလျှင် ကျပ်နှစ်သောင်းဝန်းကျင်ထိ ဈေးမြင့်သွားကြောင်း သီလဝါ အစုရှယ်ယာများ လွှဲပြောင်းခြင်းနှင့် ရောင်း ဝယ်ခြင်း ကောင်တာမှ စုံစမ်း သိရှိရသည်။
ကမ္ဘာ့ကုလသမ္မဂ ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ကမ္ဘာ့ကုလသမ္မဂအဖွဲ့(UN) ၏၂၀၁၅ ခုနှစ်ကြေငြာချက်တွင် အများနှင့်ဆိုင်သည့် လုံခြုံရေးကိစ္စ ရပ်များ ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်ရေးဆိုင်ရာ ကိစ္စရပ်များကို အာရုံစိုက် လုပ်ဆောင်မည်ဖြစ်ကြောင်း UN ၏ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက ဇန်နဝါရီ ၂၀ ရက်နေ့တွင် ပြောကြားသည်။