ဘန်ကောက်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အရှေ့ပိုင်းရှိ ခရီးသွားဧည့်သည်များ လာရောက်ရာ ပင်လယ်ကမ်းခြေမြို့ဖြစ်သော ပတ္တယားမြို့ကို COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေးကြိုးပမ်းအားထုတ်မှုအဖြစ် ခရီးသွားဧည့်သည့်များ ဝင်ရောက်ခွင့် ယာယီပိတ်ပင်လိုက်ကြောင်း သိရသည်။
ယူနန် ၊ဧပြီ ၇ ရက်(ဆင်ဟွာ) တရုတ်-လာအိုရထားလမ်း တရုတ်နိုင်ငံဘက်အခြမ်း ဖြစ်သော ယွိရှီး(Yuxi)-မော်ဟန်း(Boten) ရထားလမ်းပိုင်း၏ သံလမ်းချိတ်ဆက်မှုများကို ဧပြီ ၇ ရက်တွင် ဘက်ပေါင်းစုံ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နယူးယောက်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဂန္တဝင် Folk ဂီတ တေးရေးဆရာတစ်ဦးဖြစ်သည့် John Prine သည် COVID-19 ရောဂါဖြင့် ဧပြီ ၇ ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း မီဒီယာများက သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (Case-17) နှင့် (Case-16) ယနေ့(ဧပြီ ၈ရက်) နံနက်ပိုင်းတွင် သေဆုံးမှုသည် လူနာများတွင်ရှိသော ရောဂါအခံနှင့် အပြင်းအထန် အဆုတ်ရောင်ရောဂါကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ ကျွမ်းကျင်သူနာပြုများသည် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) လူနာများ ကုသရေးတွင် အထူးသဖြင့် ရောဂါပြင်းထန်သောလူနာများ ကုသရာ၌ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း တရုတ်နိုင်ငံမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၇ ရက်၌ ပြောကြားခဲ့သည်။