ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ကမ္ဘာတစ်ဝန်းသို့ရောက်ရှိနေသည့် တရုတ်နိုင်ငံ၏ ချစ်စဖွယ် ပန်ဒါဝက်ဝံသံတမန်လေးများ ၏ ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua)
ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) Wang Dewen ဆိုသည့် လက်သမားဆရာတစ်ဦးသည် ၎င်း၏ ချစ်လှစွာသော မြေးဖြစ်သူအတွက် သစ်သားဖြင့် ကစားစရာများ၊ အသုံးအဆောင်များကိုဖန်တီးပေးခဲ့သည်။ လက်ရာမြောက်လှသည့် ၎င်း၏ လက်ရာကြောင့် တရုတ်လူမှုကွန်ရက်များပေါ်တွင် ကျော်ကြားလျှက်ရှိသည်။ (Xinhua)
ဘေရွတ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) နစ်ဆန်း (Nissan) အကြီးအကဲဟောင်း ကားလို့စ်ဂွန်း (Carlos Ghosn) က ၎င်းအနေဖြင့် ဂျပန်နိုင်ငံမှ လက်ဘနွန်နိုင်ငံသို့ ထွက်ပြေးလွတ်မြောက်ရန် စီစဉ်မှုတွင် ကိုယ်တိုင်လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဇန်နဝါရီ ၂ ရက်တွင် ကြေညာခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။