ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားသူများအား ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ပြီး (၁-၁-၂၀၁၉)ရက်နေ့အထိ လိုင်စင်စုစုပေါင်း ၁၇၄ ခု ထုတ်ပေးပြီး ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်သည်။
ဘရာဇီးလီးယား၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းCearáပြည်နယ်တွင် တစ်ပတ်အတွင်း တိုက်ခိုက်မှု ၁၇၂ ခု ဖြစ်ပွားခဲ့ကြောင်း O Globo သတင်းစာ ၏ ဇန်နဝါရီ ၉ ရက် သတင်းများအရ သိရသည်။
တာလုခန်၊ အာဖဂန်နစ္စတန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ တာ့ခ်ဟာပြည်နယ်မြောက်ပိုင်း ခေါဂျာဂါရ်ခရိုင်တွင် ဇန်နဝါရီလ ၁၀ ရက်က တိုက်ခိုက်မှုဖြစ်ပွားသဖြင့် ရဲတပ်ဖွဲ့ဝင် ၈ ဦးနှင့် စစ်သွေးကြွ ၁၀ ဦး စုစုပေါင်း လူ ၁၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ကင်ရှာဆာ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ(DRC) ၏ သမ္မတရွေးကောက်ပွဲတွင် အတိုက်အခံကိုယ်စားလှယ်လောင်း ဖြစ်သူ ရှိဆက်ကေဒီဖိလစ် (Felix Tshisekedi) က အနိုင်ရရှိသွားခဲ့ကြောင်း ဇန်နဝါရီလ ၁၀ ရက် နေ့ နံနက် တွင် ရွေးကောက်ပွဲကော်မရှင် ၏ကြားဖြတ်ထုတ်ပြန်ကြေညာချက်အရ သိရသည်။