၂၀၁၆ ကနေ နောင်လာမည့် (၁၀) နှစ်အတွင်း အကောင်အထည်ဖော်ဖို့ ရေးဆွဲထားတဲ့ အာဆီယံ ခရီးသွားလုပ်ငန်းဆိုင်ရာ မဟာဗျူဟာကျတဲ့ စီမံချက်အသစ်အရ အရည်အသွေး ပြည့်မီတဲ့ ခရီးသွားလာရေးဒေသ ဖြစ်ဖို့အတွက် ကြိုးပမ်းအားထုတ်ကြဖို့ အာဆီယံ ခရီးသွားလုပ်ငန်း ဝန်ကြီးတွေက ဇန်နဝါရီ ၂၆ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံရှိအထူးစီးပွားရေးဇုန် (၁၂) ခုတွင် မြန်မာနိုင်ငံမှ အလုပ်သမားများ နေ့ချင်းပြန် တရားဝင် သွားရောက်ပြီး အလုပ် လုပ်နိုင်မည်ဖြစ်ကြောင်း ထိုင်းသတင်းအေဂျင်စီတွင် ဖော်ပြထားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဒီဇင်ဘာလ အထိ မြန်မာနိုင်ငံ၏ ပို့ကုန်တန်ဖိုးအနေဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်းသုံးထောင် ကျော်ခဲ့ကြောင်း ပို့ကုန်သွင်းကုန် အစီရင်ခံစာ အရသိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ယခုနှစ်အတွင်း ငွေကျပ် ၁၅ဝဝ တန် GSM နှင့် WCDMA ဖုန်းအလုံးရေ ၈,ဝ၅၅,၃ဝဝ ကိုထပ်မံချထားပေးမည် ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် WTO စည်းမျဉ်းစည်းကမ်းများ နှင့်အညီ အခွန်စည်းကျပ်မှုများကို ဖြေလျှော့ရန်နှင့် အသေးစား၊ အလတ်စား လုပ်ငန်းများ (SME) ကို ကာကွယ်ရန် လိုအပ်သည့် ဥပဒေများကိုရေးဆွဲ ရန်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး...