အေသင်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) ဂရိနိုင်ငံတွင် ယခုနှစ်အတွင်း West Nile ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၆ ဦးရှိခဲ့ပြီး သေဆုံးသူအရေအတွက်မှာ ၁၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း အမျိုးသား ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်း (EODY) က သြဂုတ်လ ၂၂ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
ဝါရှင်တန်၊ သြဂုတ်လ ၂၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရန့် ၏ဆောင်ရွက်နေမှုများအပေါ် အမေရိကန်ပြည်သူ ၃၆ ရာခိုင် နှု်နးကထောက်ခံကြပြီး ၆၂ ရာခိုင်နှုန်းကဆန့်ကျင်မှုပြုကြကြောင်း သြဂုတ်လ ၂၂ ရက်ကထုတ်ပြန်ခဲ့ သော မဲဆန္ဒစစ်တမ်းတစ်ခုအရ သိရပါသည်။
ပေကျင်း၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်ဖြင့် သြဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၁ ရက်အထိ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန...
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) တပ်မတော်အနေဖြင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၌ သုံးနှစ်အတွင်း မူးယစ်ဆေးဝါး ကျပ် ၈၁ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ ကျင်းပသော တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် သတင်းမှန်ပြန်ကြားရေး ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားခဲ့သည်။
ဆူဗာ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ဖီဂျီနိုင်ငံ အစိုးရအနေဖြင့် ကလေးအလုပ်သမား၊ အဓမ္မခိုင်းစေမှုနှင့် လူကုန်ကူးမှုများအား သည်းခံမည်မဟုတ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ပါဗီးကူးမား (Parveen Kumar) က သြဂုတ်လ ၂၂ ရက်တွင် ပြောကြားလိုက်သည်။