ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် ပုန်းထွန်ကျေးရွာနှင့် နောင်ကွဲကျေးရွာအကြား၌ သြဂုတ်လ၁၅ရက် နံနက် ၁၀နာရီခွဲခန့်က ဘုရားဖူးယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်၍ တစ်ဦးသေဆုံး ပြီး ရှစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။
တီဟီရန် ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ဗြိတိန် နိုင်ငံ က သြဂုတ်လ ၁၅ ရက် ၌ အီရန် နိုင်ငံ ၏ ရေနံတင် သင်္ဘော အား ပြန်လည် လွှတ်ပေးရန် ဆုံးဖြတ်ခဲ့ပြီး နောက်တွင် အီရန် နိုင်ငံခြားရေး ဝန်ကြီး...
နယူးဒေလီ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံအနေဖြင့် ကြည်း၊ရေ၊လေတပ်မတော် ၃ခု ခေတ်မီတိုးတက်စေရန် နှင့် ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်ရန် ဗဟိုကာကွယ်ရေးဦးစီးရုံး (CDS) ကို မကြာမီတည်ထောင်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒြာမိုဒီ (Narendra Modi) က သြဂုတ် ၁၅ရက် လွတ်လပ်ရေးနေ့တွင် မိန့်ခွန်းပြောကြားခဲ့သည်။
ဘန်ကောက် ၊သြဂုတ်လ ၁၆ ရက်(ဆင်ဟွာ) လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် အရ ထိုင်းနိုင်ငံမှတရုတ်နိုင်ငံသို့ မင်းကွတ်သီးများတင်ပို့ မှုက အများအပြားတိုးတက်လာခဲ့ကြောင်းဖြင့်အဆင့်မြင့်အစိုးရအရာရှိတစ်ဦး က သြဂုတ်လ ၁၅ ရက် တွင်ပြောကြားခဲ့သည်။
ပေကျင်း၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် (CFA) က ၁၁ ကြိမ်မြောက် အသင်းဝင်ညီလာခံအား သြဂုတ် ၂၂ ရက်တွင် အမျိုးသား ဘောလုံး လေ့ကျင့်ရေးစင်တာ၌ ကျင်းပကာ ဥက္ကဋ္ဌတစ်ဦး၊ ဒုတိယဥက္ကဋ္ဌများနှင့် အမှုဆောင်ကော်မတီအား ရွေးချယ်မည်ဖြစ်ကြောင်း CFA က သြဂုတ်...