ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) COVID-19 ရောဂါကူးစက်မှုကာကွယ်ရန်အတွက် လူများအနေဖြင့် အိမ်၌ နေထိုင်ချိန်အတွင်း ပြုမူဆောင်ရွက်ရန် အိမ်ခြံဝင်းဥယျာဉ်စိုက်ပျိုးရေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် (အဖွဲ့ဝင်) ဦးမျိုးတင့်ထွန်းက ဧပြီ ၁ ရက်တွင် ဆင်ဟွာကိုပြောသည်။
ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အင်ဒိုနီးရှားနိုင်ငံအတွက် Palapa-N1 အမည်ရှိသော ဆက်သွယ်ရေးဂြိုဟ်တုတစ်စင်းကို စီချွန်းပြည်နယ်ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ရန်ပြင်ဆင်နေကြောင်း သိရသည်။
မော်စကို၊ ဧပြီ ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နှင့် မကြာသေးမီက တွေ့ဆုံခဲ့သော ရုရှားနိုင်ငံ ကိုရိုနာဗိုင်းရပ်စ် အဓိက ကုသရေးဆေးရုံ၏ ဆေးရုံအုပ်ဖြစ်သူထံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရသည်။
ဟနွိုင်း ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) ဗီယက်နမ် နိုင်ငံ၌ COVID-19 ရောဂါ လူနာ နှစ်ဦး ထပ်မံ သက်သာပျောက်ကင်းသွားခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဧပြီ ၁ ရက်တွင် ကြေညာခဲ့ပြီး စုစုပေါင်း ရောဂါသက်သာပျောက်ကင်းသူ ၆၀ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဧပြီ ၁ ရက်တွင် COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများနှင့်...