ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) အာဆီယံ ဘောလုံးအဖွဲ့ချုပ် (Asia Football Federation) ကောင်စီအစည်းအဝေးသို့ Asia Football Federation (AFF) ဒုတိယ ဥက္ကဋ္ဌဖြစ်သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့်အဖွဲ့ တက်ရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။
အစ္စလာမ်မာဘတ်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ ရှိ နေရာဒေသအများအပြား၌ ဟာ့ဂျ်ဘုရားဖူးကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့သည့် ပါကစ္စတန်နိုင်ငံသား အနည်းဆုံး ၄၂ဦး ရှိကြောင်း ပါကစ္စတန်နိုင်ငံ ဘာသာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဟယ်ဆင်ကီ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ဖင်လန်နိုင်ငံ အရှေ့ပိုင်း Kuopio မြို့တွင် သြဂုတ် ၂၄ ရက် က ရထားလမ်းကျော် တံတားတစ်စင်းပေါ်မှ ဘတ်စ်ကားတစ်စီး ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၄ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်း Yle က ထုတ်လွှင့်ခဲ့သည်။